Local News

မုံရွာ ကြက်သွန်နီ အရောင်းအဝယ်သွက်

Last Updated:

မုံရွာ ကြက်သွန်နီ အရောင်းအဝယ်သွက်

        ယခုတစ်ပတ် မုံရွာ စာဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ကြက်သွန်နီသီးနှံများ ဝင်သလောက်အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ ဝါတွင်းကာလ ဘုရားပွဲများ အလှူပွဲများနှင့် ဒေသတွင်းဝယ်လိုအားများ ရှိနေပါသည်။ မုံရွာပွဲရုံသို့ နေ့စဉ်ဝင်ရောက်မှုမှာ ပိဿာချိန် (၃၀၀၀၀)ကျော် အဝင်ရှိပြီး ဝင်သလောက် ရန်ကုန်၊မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် တင်ပို့ရောင်းဝယ်လျှက်ရှိပါသည်။

        ယခုတစ်ပတ် ပွဲရုံများတွင် ကြက်သွန်နီ လက်ကား တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ (ကြီး) (၂၂၀၀)ကျပ်၊ (လတ်) ၂၀၀၀ကျပ်၊(သေး) ၁၇၀၀ကျပ်နှုန်းဖြင့်ရောင်းဝယ်လျှက်ရှိပြီး၊ လက်လီ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ (ကြီး) (၂၅၀၀)ကျပ်၊(လတ်) (၂၃၀၀)ကျပ်၊(သေး) ၂၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်သွက်နေပါသည်။ ကြက်သွန်ဖြူဈေးကွက်မှာ လက်ကား တစ်ပိဿာလျှင် ဗမာ (၂၈၀၀-၃၂၀၀)ကျပ်၊ ရှမ်းစ (၃၀၀၀-၃၂၀၀) ကျပ်၊ ကြူကုတ် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းရှိပြီး၊ ကြက်သွန်ဖြူ လက်လီဈေးမှာ ဗမာ (၃၄၀၀-၄၀၀၀)ကျပ်၊ ရှမ်းစ (၃၅၀၀-၄၀၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀) ကျပ်နှုန်းဖြင့် အသီးသီး အရောင်းအဝယ်သွက်နေကြောင်းသိရှိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News